Thursday, July 25, 2024

အဆောက်အဦ နှင့် စွမ်းအင်အသုံးပြုမှု


"အဆောက်အဦ နှင့် စွမ်းအင်အသုံးပြုမှု "   

၁။ နိဒါန်း

အဆောက်အဦများ တည်ဆောက်ရခြင်း၏ ကနဦးအကြောင်းရင်းမှာ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ပဲဖြစ်ပါတယ်။ရာသီဥတု အမျိုးမျိုးမှ သမိုင်းဝင် အဆောက်အဦးများ တစ်ခုနှင့်တစ်ခု အလွန်ကွာခြားပုံရသည့် အကြောင်းအရင်းများထဲမှ  မတူညီသော နေအိမ်အချို့ကို လေ့လာကြည့်ရအောင် ။

 ပုံ(၁)                                                   ပုံ(၂)                                                    ပုံ(၃)

 

 ပုံ(၁)မှာကတော့  ဂရိနိုင်ငံရှိ ပူပြင်းသောရာသီဥတုတွင် အိမ်တစ်လုံး၊ ပုံ(၂) မှာကတော့ အီရန်နိုင်ငံရဲ့ wind catcher အသုံးပြုထားသော ရိုးရာအိမ်တစ်လုံး နဲ့ပုံ(၃) မှာကတော့ နယ်သာလန်ရှိ အိမ်တစ်လုံး ဖြစ်ပါတယ်။ပုံများ တွင် ဖော်ပြထားသော ရာသီဥတုအနေအထား နှင့် အဆောက်အဦ၏ အရောင်များ၊  ပြတင်းပေါက် နှင့် အသုံးပြုထားသည့် ပစ္စည်းများကတော့ သီးခြားလေ့လာစရာပင် ဖြစ်သည် ။

 

၂။ အဆောက်အဦများနှင် စွမ်းအင်

 အဆောက်အဦများသည် လူသားများ သွားလာလှုပ်ရှားမှု မျိုးစုံလုပ်ဆောင်နိုင်သည့် ပတ်ဝန်းကျင်ကို  ဖန်တီးပေးရန် ရည်ရွယ်ဆောက်လုပ် ကြပါသည်။ ဥပမာအားဖြင့်၊ ရုံးခန်းများ၊ ဈေးဆိုင်များ၊ လူနေအိမ်များ၊ ဆေးရုံများ၊ ဒေတာစင်တာများနှင့် စောင့်ရှောက်မှုအိမ်များစသည့်ပေါ့လေ။

ဒေသန္တရ ရာသီဥတုအခြအနေများကို ထည့်သွင်းစဉ်းစားခြင်းမပြုထားတဲ့ အဆောက်အဦဒီဇိုင်းတွေ မှာတော့ စွမ်းအင်ပမာဏများစွာကို ပိုမိုအသုံးပြုမှုဖြစ်ပေါ်စေပါတယ်။အဆောက်အဦတစ်ခုရဲ့အသုံးပြုပုံ၊ ဒေသန္တရ ရာသီဥတု၊ အဆောက်အဦလက္ခဏာများနှင့် ၎င်း၏ HVAC (heating, ventilation and air conditioning)  စနစ်တို့ကို ပေါင်းစပ်ထားမှသာလျင် အဆောက်အဦတစ်ခု၏ စွမ်းအင်အသုံးပြုမှုကို အကဲဖြတ်နိုင်မှာပဲဖြစ်ပါသည်။ပုံ(၄) သို့ ....

  

ပုံ (၄) အဆောက်အဦများနှင် စွမ်းအင် အသုံးပြုမှုများ

 

၃။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖောက်ပြန်ခြင်းနင့်စွမ်းအင်သုံးစွဲမှု မူဝါဒများ

ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် စွမ်းအင်အသုံးပြုမှု လျှော့ချရေးသည် ယနေ့ခေတ်၏ အဓိကစိန်ခေါ်မှုများပင် ဖြစ်သည်။ ဥပမာအားဖြင့်ဖော်ပြရမည်ဆိုရင်  နိုင်ငံပေါင်း ၉၇ နိုင်ငံက လက်မှတ်ရေး ထိုးခဲ့သော ပါရီရာသီဥတုသဘောတူညီချက်က သက်သေပင်ဖြစ်သည်။ ဤသဘောတူညီ ချက်တွင် အဓိကရည်ရွယ်ချက်မှာ ရာသီဥတုခြိမ်းခြောက်မှုကို ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုအားကောင်း စေရန် ကမ္ဘာ့ အပူချိန်မြင့်တက်မှုကို 2 ဒီဂရီစင်တီဂရိတ်လျော့နည်းစေရန် ထိန်းထားခြင်းဖြင့်  ပြောင်းလဲရန်ပင် ဖြစ်သည်။ ထို့ကြောင့် အဆောက်အဦရဲ့ စွမ်းအင်သုံးစွဲမှုကို အရေးကြီးသော အကြောင်းအရာအဖြစ် မူဝါဒများ တွင် ထင်ဟပ်လာစေပါသည်။ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံတိုင်းလိုလို အဆောက်ဦအများအတွက် စွမ်းအင် အသုံးပြုမှုနှင့် ပတ်သက်သည့် မူဝါဒအမျိုးမျိုးရှိလာကြသည်။ ဥပမာအားဖြင့် ပါကစ္စတန်နိုင်ငံ၏ National Energy code၊ သြစတြေးလျနိုင်ငံ၏ Nationwide House Energy Rating scheme၊ ဘရာဇီးရှိ အဆောက်အဦများ၏ စွမ်းအင်ထိရောက်မှုအတွက် နည်းပညာဆိုင်ရာ နည်းဥပဒေများ။ထိုင်း နိုင်ငံရဲ့ energy conervation act and building energy code၊ တရုတ် နိုင်ငံရဲ့ energy design standards for residential buildings စသည့်ဖြင့် ကိုယ်ပိုင် မူဝါဒများ ဖြင့် ပါရီသဘောတူညီချက်၏ ရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းလာကြသည်။ထိုသို့ ကြိုးပမ်းကြရာတွင် စွမ်းအင် အခွန်များ (သို့မဟုတ်) ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို အလေးပေး သော်လည်း အချို့က စွမ်းအင်ထိရောက်စွာအသုံးပြုနိုင်မှုအပေါ် ပိုမိုအလေး ထားကြသည်။

ဆောက်အဦများ၏ စွမ်းအင်အသုံးပြုမှုသည် စွမ်းအင်မူဝါဒအားလုံးတွင် အလွန်အရေးကြီးသော အကြောင်းအရာဖြစ်လာသည်မှာ မထူးဆန်းပါ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်တွင် အဆောက်အဦများ ၏စွမ်းအင်သုံးစွဲမှုသည် သိသာထင်ရှားသော ပမာဏဟု သတ်မှတ်နိုင်သည်။

 

ပုံ(၅) ဥရောပနိုင်ငံများ၏ စွမ်းအင်သုံးစွဲမှုအခြေပြဇယား

ပုံ(၅)တွင် ဥရောပ နိုင်ငံပေါင်း ၂၈ နိုင်ငံအတွက် စွမ်းအင်သုံးစွဲမှုကို သင်တွေ့မြင်ရမှာပါ။ အဆောက်အဦများ၏ စွမ်းအင်အသုံးပြုမှုကို အနီးကပ် လေ့လာကြည့်ကြပါစို့။ လူနေအဆောက်အဦများနှင့် တိုက်ခန်းများ ၊ ဝန်ဆောင်မှုများလုပ်ငန်းများအနေဖြင့် ရုံးခန်းများ၊ ဆေးရုံများ၊ ကျောင်းများနှင့် ဈေးဆိုင်များကဲ့သို့သော အဆောက်အဦများ၏စွမ်းအင် စွမ်းအင်အသုံးပြုမှု ၏ အကြီးဆုံးအစိတ်အပိုင်း (၄၂ ရာခိုင်နှုန်း)အဖြစ် တွေ့ရှိ ရပါတယ်။

အစိုးရအများစုသည် CO2 ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရန်နှင့် အရင်းအမြစ်များ ထပ်မံကုန်ခမ်းခြင်းမှ ကာကွယ်ရန် ရည်ရွယ်လာကြသည်။ ထိုနောက်စွမ်းအင်ရင်းမြစ်များနှင့် စွမ်းအင်လိုအပ်ချက်ပေါ်မူတည်၍ CO2 ထုတ်လွှတ်မှု ကိုတွက်ဆ ကြည့်လာကြသည်။ 2015 ခုနှစ် ကမ္ဘာလုံးဆိုင်ရာ CO2 ဓာတ်ငွေ့ ထုတ်လွှတ်မှု ဆိုင်ရာ ခြုံငုံသုံးသပ်ချက်တွင် စုစုပေါင်း CO2 ဓာတ်ငွေ့ထုတ်လွှတ်မှု၏ သိသိသာသာ ပမာဏသည် အဆောက်အဦများတွင် စွမ်းအင်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ပုံ (၆)

ပုံ(၆) ကမ္ဘာလုံးဆိုင်ရာ CO2 ထုတ်လွှတ်မှုအခြေပြဇယား

 

၄။ အိန္ဒိယနိုင်ငံ၏အဆောက်အဦများ၏ စွမ်းအင်သုံးစွဲမှု

အိန္ဒိယကဲ့သို့ အပူပိုင်းရာသီဥတုရှိသော ပူနွေးသောနိုင်ငံအတွက် အဆောက်အဦများ၏ စွမ်းအင်သုံးစွဲမှုကိုလေ့လာကြည့်မည်ဆိုလျင် အဆောက်အဦများကို အပူဒဏ်၊ သက်တောင့်သက်သာရှိသော အဆင့်သို့ ရောက်စေရန်  cooling & fans အသုံးပြုမှု ကြောင့် စွမ်းအင်သုံးစွဲမှုများပြားနေတာကို တွေ့ရှိရမှာပါ။

ပုံ(၆) အိန္ဒိယနိုင်ငံ၏အဆောက်အဦများ၏ စွမ်းအင်သုံးစွဲမှုအခြေပြဇယား

၅။ အနှစ်ချုပ်

ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန် စွမ်းအင်အသုံးပြုမှု လျှော့ချရေးသည် ယနေ့ခေတ်၏စိန်ခေါ်မှုများ အနက် အဓိကအချက်တစ်ချက်ပင် ဖြစ်သည်။ ထို့ကြောင့်မူဝါဒနှင့် စည်းမျဉ်းများဖြင့် ထိန်းညှိ ခြင်းများလည်း တွေ့မြင်နေရပါသည်။အဆောက်အဦများသည် စုစုပေါင်း စွမ်းအင်အသုံးပြုမှု၏ သိသိသာသာ ပမာဏကို သုံးစွဲကြသောကြောင့် ၎င်းတို့သည် စွမ်းအင်နှင့် CO2 သတ်မှတ် ချက် များ လျော့ချရာတွင် အရေးကြီးသော အခန်းကဏ္ဍ အဖြစ် တည်ရှိနေသည်။ လက်ရှိတွင် အဆောက်အဦအများတွင် space heating သို့မဟုတ် space cooling အတွက် သာ စွမ်းအင်အများစုကို အသုံးပြုလျက်ရှိသည်။ စက်ပစ္စည်းများ၊ အလင်းရောင်ရရှိရေး နှင့် ရေပူ၊ရေအေး များအတွက် စွမ်းအင်အသုံးပြုမှု အဆောက်အဦတစ်ခု၏ စွမ်းအင်လိုအပ်ချက်၏ အနည်းအကျဉ်းမျှသာဖြစ်ပါသည်။

အသုံးပြုသူများအနေဖြင့်လည်း အဆောက်အဦများ၏ စွမ်းအင်အသုံးပြုမှု အပေါ်တွင် စိတ်ပါဝင် စားလာတာ ကိုလည်း တွေ့မြင်ကြရပါပြီ။ အနာဂတ်မှာတော့ insulation မြင့်မားသော အဆောက်အဦများ တိုးတက် ပြောင်းလဲမှုများဖြစ် လာနိုင် ပါကြောင်း အနှစ်ချုပ်တင်ပြ အပ်ပါသည်။

 

၆။ ရည်ညွှန်းချက်….

၁။ Prof.Dr.L.C.M.Itard &Dr.Ir.P.I.vandenBrom&Dr. Martín Mosteiro Romero,Sustainable Environment Building

 

စာပြီးချိန်။     ။ (ည ၁၁ နာရီ ၃၀ မိနစ်)၊ ၂၅ ရက် ဇူလိုင်လ၊ ၂၀၂၄ ခုနှစ်။ Htanaung Yaik Innovation

အဆောက်အဦ နှင့် စွမ်းအင်အသုံးပြုမှု

"အဆောက်အဦ နှင့် စွမ်းအင်အသုံးပြုမှု "    ၁။ နိဒါန်း အဆောက်အဦများ တည်ဆောက်ရခြင်း၏ ကနဦးအကြောင်းရင်းမှာ ရာသီဥတုဒဏ် ကို ကာကွယ်ဖို့...