🖌️Professional တယောက်ဖြစ်လာဖို့
ဘာတွေ ဖြည့်ဆည်းရမလဲ ?
👉ဒီမေးခွန်းနဲ့ ပက်သက် ပြီးဖြေရရင်
"Self-Esteem "
ဆိုတာ ဖြည့်ဆည်းရမည့်
အရည် အချင်းများထဲက တခုပါပဲ
🖌️Self-Esteem ဆိုတာ
အနှစ် ချုပ် ပြောဆိုရရင်
မိမိ ကိုယ်ကို တန်ဖိုးထားလက်ခံ တတ်ခြင်း ပါပဲ
🖌️Low Self -Esteem ရှိသူတွေရဲ့ သဘာဝ
Self-Esteem အားနည်းတတ်သူတွေ မှာ
တွေ့ရှိရတဲ့ အခက်အခဲက
မိမိ ကိုယ်တိုင်ရဲ့ အားသာချက် ၊ အားနည်းချက်
ကို သုံးသပ်နိုင်စွမ်း ခက်ခဲခြင်းပါပဲ
ခက်ခဲရတဲ့အကြောင်းရင်းကလည်း
ကိုယ်ကိုကိုယ် မကောင်းမြင်တတ်တာကနေ
စတာပေါ့
🖌️High Self-Esteem ရှိသူတွေ ရဲ့ သဘာဝ
Self-Esteem အားကောင်းသူတွေကတော့
မိမိ အားသာချက် ၊ အားနည်းချက်များကို
မှန်မှန် သုံးသပ်နိုင်စွမ်းရှိကြပါတယ်
ဥပမာ ပြောရရင် ရည်ရွယ်ချက်များ
ချမှတ်ကာလိုချင်တဲ့ပန်းတိုင်ရောက်အောင် အကောင်းမြင်စိတ်ဖြင့်
ရှေ့ဆက်လုပ်ဆောင်နိုင်ကြသူများဖြစ်ပါတယ်
Self esteem ကောင်းမွန်အောင် ကိုယ်ပိုင် အသိဖြင့် အခြေခိုင် ခိုင် တည်ဆောက်တတ်ကြသူများပေါ့
🖌️Self-Esteem အားနည်းချက်ကို
ကျော်လွှာနိုင်ဖို့ ဆိုရင်
အရင်ဆုံး အနေနဲ့
ကိုယ် ကိုကိုယ် ပြန်မေးကြရအောင်
Do you love yourself ?
ဒီလို မေးကြည့်ရင်
ကိုယ်ကိုကိုယ် သိနိုင်ပါပြီ
🖌️ဒါဖြင့် Self-Esteem တိုးတက်လာအောင်
လေ့ကျင့်နိုင်တဲ့ နည်းလမ်းတွေ ကရော ?
Rule 1. BE NICE YOURSELF
( ကိုယ်ကိုကိုယ် ကြိုက်နှစ်သက်မိတဲ့ အကြောင်း လေးတွေ ပြန်တွေးကြည့်ပါ)
Rule 2. YOU DO YOU
( မိမိကိုယ်တိုင်ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေ မှာပဲ အာရုံစိုက်တတ်ဖို့ပါ)
Rule 3.NO BODY IS PERFECT
( အလုံးစုံပြည့်စုံခြင်းဆိုတာ လက်တွေ့မကျတာနားလည်လက်ခံတတ်ဖို့ပါ)
Rule4. FOCUS ON WHAT YOU CAN CHANGE
(မိမိ အနေနဲ့ မပျော်ရွှင် တဲ့ အကြောင်းအရာတွေ မှာ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ ဖြင့်ပြောင်းလဲ စဉ်းစားကြံဆောင်နိုင်တတ်ဖို့ပါ)
Rule 5. CELEBRATE THE SMALL VICTORIES
(နေ့တနေတာမှာ ပြီးဆုံးအောင် လုပ်နိုင်ခဲ့တာတွေအပေါ်မှာ enjoy လုပ်တတ်ဖို့ပါ)
Rule 6. SURROUND YOURSELF WITH A SUPPORTIVE SQUAD
(ကိုယ်ဘေးမှာရှိတဲ့သူတွေက
supportive people တွေများလား
negative thinkers တွေများနေလား
စသည်ဖြင့် လေ့လာအကဲဖြတ် ပြီး နေတတ်ဖို့ပါ)
"Self-Esteem ကိုလက် ခံကျင့်သုံး၍ စွမ်းရည်ပြည့်ဝသော Professional များ ဖြစ်ပါစေ"

No comments:
Post a Comment